ကဗျာ

ငါ့ရင်ဘတ်ထဲမှာ

ရှင်သန်နေတဲ့

ဒီပန်းနုရောင်

နွယ်ပင်လေးဟာ

အရပ်ရှည်ရှည့်

ပါးဖောင်းဖောင်းလေးနဲ့ 

အမြဲပြုံးပြတတ်တဲ့

သူ့ သခင်အတိုင်း

ငါ့နှလုံးသားကို

တိုးဝှေ့ နေတာ

ငါ့စိတ်အစဉ်မှာတောင်

ချမ်းမြေ့နေစေတယ်။





နစ်သက်မိသော ကဗျာတစ်ပုဒ်

တာရာမင်းဝေဧ။်ကဗျာ တပုဒ်. ကျွန်တော် ကြိုက်နှစ်သက်လို့ ပါ


မျက်စိကိုမှိတ်ထားပါလျှက်
ကောင်းကင်ကိုသတိရသည့်အခါ
တိမ်များကိုမြင်နိုင်ပါသည် ။

အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကိုကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့် အရာမှာ
ကျွန်ုပ် ချစ်သူ တစ်ယောက်တည်းသာဖြစ်ပါ၏.......



♥♥ ချစ်သူ
နင်မချစ်တော့လို့ အပြစ်ရှာပြီ
ငါ့ကိုထားသွားခဲ့ပေမယ့်
ငါကတော့ နင့်ကိုချစ်နေဆဲပါ.....

♥♥ ချစ်သူ
နင်မတွေ.ချင်တော့လို ငါ့အကောင့်တွေကို
block လိုက်လဲ ငါကတော့ နင့်အကောင့်လေးကို
နင်မသိတဲ့ တခြားအကောင့်တခုနဲ့ ၀င်ကြည့်ရင်
နင့်ကို အလွမ်းဖြေနေဆဲပါ.......

♥♥ ချစ်သူ
နင်ရက်စက်စွာထားခဲ့လဲ
ငါကတော့ နင့်ကိုချစ်နေဆဲပါချစ်သူ......
 
 
ကောင်လို့တင်လိုက်တာပါ
တပြည်တရွာက ချစ်သူရေ
တူမနေနိုင်လို့ တနယ်စီဝေးကွာရပေမယ့်
ငါ့ရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ
နင်အတွက်ဆိုတဲ့ နေရာလေးငါချန်ထားဆဲပါ.........
ဘယ်သူနဲ့မှ ငါမကြူသလို ဘယ်သူနဲ့မှ ငါမရှုပ်ပါဘူး
အင်တာနက်ဆိုတဲ့ စာမျက်နှာမှာ နင့်သိပါစေတော့လို့
ရည်စူးရေးထားတဲ့ ငါ့ရဲ့သက်သေ ကဗျာတွေနဲ့
နင်မရှိတဲ့ အရပ်မှာ ငါရှိနေတယ် ချစ်သူ
နင်ငါ့ကို ယုံကြည့်စေချင်သလို ငါလဲ နင့်ကို ယုံကြည့်ပါရစေနော်.....
 
တပြည်တရွာက ချစ်သူရေ
တူမနေနိုင်လို့ တနယ်စီဝေးကွာရပေမယ့်
ငါ့ရဲ့ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ
နင်အတွက်ဆိုတဲ့ နေရာလေးငါချန်ထားဆဲပါ.........
ဘယ်သူနဲ့မှ ငါမကြူသလို ဘယ်သူနဲ့မှ ငါမရှုပ်ပါဘူး
အင်တာနက်ဆိုတဲ့ စာမျက်နှာမှာ နင့်သိပါစေတော့လို့
ရည်စူးရေးထားတဲ့ ငါ့ရဲ့သက်သေ ကဗျာတွေနဲ့
နင်မရှိတဲ့ အရပ်မှာ ငါရှိနေတယ် ချစ်သူ
နင်ငါ့ကို ယုံကြည့်စေချင်သလို ငါလဲ နင့်ကို ယုံကြည့်ပါရစေနော်.....
 
အချစ်ကို တွေ့ရှိသွားသောအခါ...
---------------------------------

လူတိုင်းဟာ အရာတိုင်းမဟုတ်ရင်တောင်မှ
သူမကြိုက်တဲ့အရာလေးတွေကို ပြောင်းလဲ
တတ်ဖို့ ၀န်မလေးတတ်တော့ပါဘူး...

ကိုယ့်ရဲ့မာနတရားတွေဆိုတာကလဲ သူနဲ့တွေ့ရင်
ဘယ်အနားကျပျောက်သွားမှန်းမသိဖြစ်ရတတ်ပါတယ်...

ခဏလေးခွဲနေရတာတောင် စိတ်ပူလာတတ်ပါတယ်
(ငါမဟုတ်တဲ့တခြားလူတွေနဲ့များရှိနေမလား)...

သူမကြိုက်တဲ့အရာ သူ့နောက်ကွယ်မှာဖြစ်နေပါစေ
တတ်နိုင်သမျှရှောင်နေတတ်ပါတယ်...

ကိုယ်ကလွဲပြီးရင် တခြားလူဆိုတာပေါ်လာမှာ
ကမ္ဘာပျက်မတတ်ကြောက်မိကြမှာပါပဲ...

သူ့ဆီက"အရမ်းချစ်တယ်" ဆိုတဲ့စကားဟာ
ကိုယ်ကြားဖူးသမျှစကားလုံးတွေအထဲမှာတော့
အရသာရှိဆုံးဖြစ်လာမှာပါ...

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ...သူ့ဆီကမေးလ်
လေးကိုတွေ့လိုက်ရရင် အမောဆိုတာဘယ်နား
ရောက်သွားမှန်းမသိတော့ပါဘူး...
 
 နှလုံးသားမှာ အချစ်ကတည်ပြီ
အချစ်ကြောင့် နှလုံးသားက ပေးတဲ့ ဒဏ်ရာကို
ခံစားနိုင်မှုမရှိတော့လောက်အောင် ရင်နာခြင်းတွေပြည့်နေတယ် ...........


ငိုကြွေးခြင်းကို ဘယ်သူမှမမြင်အောင်
ဟန်ဆောင်ပြုံးတွေနဲ့ဖုံးကွယ်လိုက်တော့
သည်လူက ရက်စက်ပြီ အသည်းနှလုံးမရှိတဲ့သူဖြစ်ရော........



နေမြင့်လေ အရူးရင့်လေးဖြစ်နေတဲ့ ငါအချစ်ကို
နင်ဟန်လုပ်ပြီ ပြုံးနေမယ့်အစား ......
ဟန်ဆောင်ခြင်းမပါတဲ့ အမုန်းအစစ်ကိုသာ
ပေးပါတော့လား ချစ်သူရယ် ..........


ツ Poem ツ



စိတ်ကူးနဲ့ရူးခွင့်ရှိတယ် ..........
သူအနားမရောက်သေးပေမယ့် အိမ်မက်တွေထဲမှာ
သူနဲ့တွေ့ခွင့်ရတယ်



စိတ်ကူးထဲမှာ မျှော်လင့်ခွင့်ရှိတယ် ..........
တချိန်သူလက်ကို တွဲပြီ လျှောက်ခွင့်ရမယ့် နေ့ကို


စိတ်ကူးထဲမှာ သူနဲ့ငါရဲ့ အချစ်ဇာတ်လမ်းက
အခက်အခဲမပါတော့ ငါလေ ငိုကြွေးခြင်းမရှိတဲ့
စိတ်ကူးယဉ်အိမ်မက်တွေကိုဘဲ ပျော်မွှေ့နေတတ်တယ်



ツ Poem ツ

3 comments: